ဆေးသုတ်နည်း အဆင့်ဆင့်

ဆေးမသုတ်ခင် ဆေးဆရာများနှင့်တိုင်ပင်ဆွေးနွေးရန် လိုအပ်ပါတယ်။ ဆေးဆရာများ၏  လမ်းညွှန်ချက်များအတိုင်း လိုအပ်သော ဆေးပုံး၊ ဆေးအရည်အတွက်များ သိရှိထားရန်နှင့် အဆင်သင့်ထားရှိထားရန် လိုအပ်ပါတယ်။

လုပ်ငန်းစဉ် ( ၁ ) ဆေးမသုတ်မီ ကြိုတင်ပြင်ဆင်ရမည့်အချက်

ဆေးအလွှာအဟောင်းမှ မညီညာသော မျက်နှာပြင်များ ၊ အချွန်အထွက်များ နှင့် မညီညာသော ဆေးသုတ်မည့်နံရံ နေရာများကို သန့်ရှင်းအောင် ၊ မျက်နှာပြင် ညီညာအောင် ညှိပေးပါ။

ညစ်ပတ်သော မျက်နှာပြင်ပေါ်တွင် ဆေးသုတ်လျှင် ဆေးသားအလွယ်တကူ ကွာကျနိုင်သဖြင့် ဆေးမသုတ်မီ သန့်ရှင်းအောင် အမြဲတမ်း ရှင်းလင်းပေးပါ။

သန့်ရှင်းပြီး ညီညာသော မျက်နှာပြင်ပေါ်တွင် ဆေးသားတွယ်ကပ်အားကောင်းအောင် ကော်ပတ်ဖြင့် အုတ်နံရံ နေရာများကို တိုက်ပေးပါ။

ကော်ပတ်ကို ခေါက်ချိုးကိုင်၍ တိုက်ပေးချင်းဖြင့် အကောင်းဆုံး ရလဒ်ကို ရရှိစေပါသည်။

** ဆေးသုတ်မည့် နေရာတွင် ဆံချည်မျှင် အက်ကွဲကြောင်းများရှိလျှင် ပတ်တီး (Single Skim coat အတွင်း ၊ Double Skim Coat အပြင် အသုံးပြုနိုင်) ရိုက် ဖာထေးပေးပါ။

** လိုအပ်၍ ဆေးရောစပ်ခြင်းများ (ရေရော ၊ တင်နာရော ၊ တာပင်တိုင်ရော စသည်ဖြင့် ) ပြုလုပ်ပါက အကောင်းဆုံး ရလဒ်ကို ရရှိနိုင်ရန် TDS တွေပါသည့်အတိုင်း ( Dilution ) ရောစပ်ပေးပါ။

** TDS ( Technical Data Sheet ) ကို နီးစပ်ရာ ဆေးဆိုင်တွေမှာ Product book စာအုပ်တောင်းပြီး ကြည့်လို့ရပါတယ်။ https://www.nipponpaint.com.mm/shop/ မှာလဲ ဆေးနာမည်ထည့်ရေးပြီး ရှာလို့ရပါတယ်။

လုပ်ငန်းစဉ် ( ၂ ) ဆေးမသုတ်မီ အောက်ခံဆေးကို အသုံးပြုရန်

ဆေးသားတွေ စွဲကပ်အားကောင်းအောင် ဆေးသားမသုတ်ခင် အောက်ခံဆေးကို အရင် သုတ်ပေးပါ။

အောက်ခံဆေးကို အသုံးပြုခြင်းဖြင့် ညီညာသော ဆေးမျက်နှာပြင်ကို ရရှိစေသည့်အပြင် ဆေးသားစွဲကပ်အားကောင်းစေပါသည်။

မျက်နှာပြင် အခြေအနေပေါ် ( အမှုန့် ၊ မြေဖြူ နှင့် အမှုန်ထသော မျက်နှာပြင် ) မူတည်၍ သင့်လျော်သည့် အောက်ခံဆီဆေးကို ရွှေးချယ်အသုံးပြုနိုင်ပါသည်။

ရွေးချယ်ရန် – အောက်ခံဆေး

(၁) အောက်ခံဆီဆေး ( Vinilex 5170 Oi Based Sealer )

ကျစ်လစ်မှုအားနည်းပြီး စိမ့်ဝင်လွယ်သော နံရံ နေရာများအတွက် အသုံးပြုပါ။

စွဲကပ်အားကောင်းပြီး ဆေးသား ကြာရှည်ခံသည်။

အတွင်းအပြင် အသုံးပြုနိုင်သည်။

(၂) အောက်ခံရေဆေး ( Vinilex 2000 Water Based Sealer ( သို့ ) Atom 2 In 1 Sealer )

အမှုန်ထသော မျက်နှာပြင်များအတွက် အသုံးပြုပါ။

အနံ့အနည်းငယ်သာပါသည်။

လျှင်မြန်စွာ ခြောက်သွေ့သည်။

လုပ်ငန်းစဉ် ( ၃ ) ဆေးစသုတ်နည်း အကြံပြုချက်

ဆေးစသုတ်လျှင် အမြဲတမ်း ညာဖက်ခြမ်းမှ ဆေးစသုတ်ပါ။

ဆေးသုတ်ရာတွင် မျက်နှာကျက်ကို အရင်သုတ်ပေးပါ။

မျက်နှာကျက်ပြီးလျှင် နံရံကို သုတ်ပေးပါ။

ဆေးသုတ်ရာတွင် Roller နှင် စုတ်တံကို ” W ” ပုံစံ ဆွဲသုတ်ပေးပါ။ ( အဆင်ပြေသလို 45 Degree ဆွဲသုတ်လည်း ရပါသည်)။

ဆေးကို တစ်ကုတ်ထက် ပိုသုတ်ပေးပါ။ ပထမ တစ်ကုတ်ခြောက်ပြီးမှသာ နောက်တစ်ကုတ်ထပ်သုတ်ပေးပါ။

လုပ်ငန်းစဉ် ( ၄ ) ဆေးသုတ်ပြီးလျှင် အသုံးပြုသည့် ပစ္စည်းများ နှင့် လက်ကျန်ဆေးများကို သေချာ ပြန်လည်ဆေးကြောပါ

အခြား စွန့်ပစ်ပစ္စည်းများရှိရင် သက်ဆိုင်ရာ စည်ပင်က သတ်မှတ်ထားသည့် နေရာများတွင် သေချာ စွန့်ပစ်ပေးပါ။

ပစ္စည်းများ နှင့် လက်ကျန်ဆေးများကို ကလေးသူငယ်များ ဆော့ကစားသည့်နေရာ ၊ အစားအသောက်များ သို၊သိမ်းထားသည့်နေရာတွင် မထားမိအောင် သတိပြုပါ။